31 August, 2012


Burmese military group hits the Jackpot in Kachin's Jadeland .

29 August 2012
http://m.ak.fbcdn.net/a1.sphotos.ak/hphotos-ak-ash4/303593_281282391980596_746786347_n.jpg
ရှရော်ခ အကြီးစားပေါက်ကွဲမှုတွင် ဗမာစစ်သား တပ်ရင်းတစ်ရင်းလုံးပါသွား

ဖားကန့်ရှရော်ခတွင် သြဂုတ်လ ၂၉ ညနေ ၃း၃၀ မှ ဗမာအစိုးရ၏ လက်နက်ကြီးကြောင့် လောင်စာဆီသိုလှောင်ရုံ မီးလောင်ရာမှ ညနေ ၅း၃၀ ခန့်တွင် ကုမ္မဏီရုံးအတွင်း မြုပ်နှုံထားသော ယမ်းသိုက်များ မီးစွဲသောသဖြင့် အကြီးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသည်။ ပေါက်ကွဲမှုသည် ပြင်းထန်လွန်းသဖြင့် ၁၀ မိုင်ပတ်လည် ပြင်းထန်စွာလှုပ်ခတ်သွားပြီး၊ ၇ မိုင်ပတ်လည်ခန့်အထိ ကျောက်ခဲစများ၊ မြေမှုန့်များရောက်ရှိခဲ့ပါသည်။ ယခုပေါက်ကွဲမှုသည် ယခင် ၂၀၀၁ စိမ်းရွှေဝါကုမ္မဏီ ပေါက်ကွဲမှု ထက်ပိုမိုဆိုးရွားပြီး၊ ဖားကန့်ဒေသတွင် ဖြစ်ပွါးခဲ့သော ပေါက်ကွဲမှုများအားလုံးထက် ပိုမိုပြင်းထန်ကြောင်း ဒေသခံများမှ သိရှိရပါသည်။ တိုက်ဆိုင်စွာပင် ထိုကုမ္မဏီပေါက်ကွဲလုနီးအချိန်တွင် ဗမာစစ်တပ် တပ်ရင်း သည် ၃ ရက်အတွင်း လမောင်ကုန်း သိမ်းနိုင်ရေးအတွက် ထိုးစစ်ဆင်လာပြီး ထိုပေါက်ကွဲမှုကြီးထဲ တပ်ရင်းတစ်ရင်းလုံး ပေါက်ကွဲမှုထဲပါသွား သည်ဟု ကေအိုင်အေ ရှေ့တန်းအရာရှိတစ်ဦးက အတည်ပြု ပြောကြားလာပါသည်။
"ပေါက်ကွဲမှုက အရမ်းပြင်းထန်တယ်၊ ပေါက်ကွဲမှုနဲ့ ၃ မိုင်လောက်မှာ နေတဲ့ကျွန်တော်တို့တောင် ၄ ပေလောက်လွင့်သွားတယ်။ ကျွန်တော်တို့လူတွေတော့ ဘာမှမဖြစ်ဘူး၊ နည်းနည်း နာတာလောက်ဘဲရှိတယ်၊ သူတို့က တချို့ အဲပေါက်ကွဲတဲ့ ကုမ္မဏီဝင်းထဲက မြေသယ်ကားနားမှာ၊ ဘက်ဖိုးနားမှာ အကာကွယ်ယူထားကြတယ်၊ တချို့က ပေါက်ကွဲခါနီးမှ အဲဒီကုမ္မဏီဝင်းနားကို ရောက်လာကြတယ်။ ပေါက်ကွဲမှုပြီးတော့ ကြည့်လိုက်တော့ လူမပြောနဲ့ ကားတွေတောင် ဘာဆိုဘာမှ မရှိဘဲ ပြောင်တလင်းခါသွားတယ်" ဟု သူ၏ အမြင်ကို ဖုန်းဖြင့်ပြောကြားလာပါသည်။

ဒေသခံတစ်ဦးက "၂၀၀၁ တုန်းက တစ်ခါကြုံဖူးတယ်၊ ဒီတစ်ခါ ပိုပြင်းသလိုဘဲ၊ ၁၀ မိုင်လောက်က ပေါက်ကွဲတဲ့အသံက အနားမှာ လက်နက်ကြီးလာကျသလိုဘဲ၊ အရင်တစ်ခါတုန်းကဆို ဂိုက် ၅၀၀ ပတ်လည်က ရ စရာဘာမှမရှိဘူး၊ အခုဟာက ပိုပြင်းတော့ တစ်မိုင်ပတ်လည်တော့ မတွေးစရာဘဲဗျ၊ အဲဒီနေရာကို သွားလို့လဲမရဘူးဆိုတော့ ဘယ်လိုဖြစ်သွားသလဲဆိုတာ ပြောဖို့ကနည်းနည်းခက်တယ်" ဟုသူ၏ အမြင်ကို ပြောပြသည်။

No comments:

Post a Comment