31 August, 2012


Burmese military group hits the Jackpot in Kachin's Jadeland .

29 August 2012
http://m.ak.fbcdn.net/a1.sphotos.ak/hphotos-ak-ash4/303593_281282391980596_746786347_n.jpg
ရှရော်ခ အကြီးစားပေါက်ကွဲမှုတွင် ဗမာစစ်သား တပ်ရင်းတစ်ရင်းလုံးပါသွား

ဖားကန့်ရှရော်ခတွင် သြဂုတ်လ ၂၉ ညနေ ၃း၃၀ မှ ဗမာအစိုးရ၏ လက်နက်ကြီးကြောင့် လောင်စာဆီသိုလှောင်ရုံ မီးလောင်ရာမှ ညနေ ၅း၃၀ ခန့်တွင် ကုမ္မဏီရုံးအတွင်း မြုပ်နှုံထားသော ယမ်းသိုက်များ မီးစွဲသောသဖြင့် အကြီးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသည်။ ပေါက်ကွဲမှုသည် ပြင်းထန်လွန်းသဖြင့် ၁၀ မိုင်ပတ်လည် ပြင်းထန်စွာလှုပ်ခတ်သွားပြီး၊ ၇ မိုင်ပတ်လည်ခန့်အထိ ကျောက်ခဲစများ၊ မြေမှုန့်များရောက်ရှိခဲ့ပါသည်။ ယခုပေါက်ကွဲမှုသည် ယခင် ၂၀၀၁ စိမ်းရွှေဝါကုမ္မဏီ ပေါက်ကွဲမှု ထက်ပိုမိုဆိုးရွားပြီး၊ ဖားကန့်ဒေသတွင် ဖြစ်ပွါးခဲ့သော ပေါက်ကွဲမှုများအားလုံးထက် ပိုမိုပြင်းထန်ကြောင်း ဒေသခံများမှ သိရှိရပါသည်။ တိုက်ဆိုင်စွာပင် ထိုကုမ္မဏီပေါက်ကွဲလုနီးအချိန်တွင် ဗမာစစ်တပ် တပ်ရင်း သည် ၃ ရက်အတွင်း လမောင်ကုန်း သိမ်းနိုင်ရေးအတွက် ထိုးစစ်ဆင်လာပြီး ထိုပေါက်ကွဲမှုကြီးထဲ တပ်ရင်းတစ်ရင်းလုံး ပေါက်ကွဲမှုထဲပါသွား သည်ဟု ကေအိုင်အေ ရှေ့တန်းအရာရှိတစ်ဦးက အတည်ပြု ပြောကြားလာပါသည်။
"ပေါက်ကွဲမှုက အရမ်းပြင်းထန်တယ်၊ ပေါက်ကွဲမှုနဲ့ ၃ မိုင်လောက်မှာ နေတဲ့ကျွန်တော်တို့တောင် ၄ ပေလောက်လွင့်သွားတယ်။ ကျွန်တော်တို့လူတွေတော့ ဘာမှမဖြစ်ဘူး၊ နည်းနည်း နာတာလောက်ဘဲရှိတယ်၊ သူတို့က တချို့ အဲပေါက်ကွဲတဲ့ ကုမ္မဏီဝင်းထဲက မြေသယ်ကားနားမှာ၊ ဘက်ဖိုးနားမှာ အကာကွယ်ယူထားကြတယ်၊ တချို့က ပေါက်ကွဲခါနီးမှ အဲဒီကုမ္မဏီဝင်းနားကို ရောက်လာကြတယ်။ ပေါက်ကွဲမှုပြီးတော့ ကြည့်လိုက်တော့ လူမပြောနဲ့ ကားတွေတောင် ဘာဆိုဘာမှ မရှိဘဲ ပြောင်တလင်းခါသွားတယ်" ဟု သူ၏ အမြင်ကို ဖုန်းဖြင့်ပြောကြားလာပါသည်။

ဒေသခံတစ်ဦးက "၂၀၀၁ တုန်းက တစ်ခါကြုံဖူးတယ်၊ ဒီတစ်ခါ ပိုပြင်းသလိုဘဲ၊ ၁၀ မိုင်လောက်က ပေါက်ကွဲတဲ့အသံက အနားမှာ လက်နက်ကြီးလာကျသလိုဘဲ၊ အရင်တစ်ခါတုန်းကဆို ဂိုက် ၅၀၀ ပတ်လည်က ရ စရာဘာမှမရှိဘူး၊ အခုဟာက ပိုပြင်းတော့ တစ်မိုင်ပတ်လည်တော့ မတွေးစရာဘဲဗျ၊ အဲဒီနေရာကို သွားလို့လဲမရဘူးဆိုတော့ ဘယ်လိုဖြစ်သွားသလဲဆိုတာ ပြောဖို့ကနည်းနည်းခက်တယ်" ဟုသူ၏ အမြင်ကို ပြောပြသည်။

11 August, 2012






ပရိသတ် ရင်ဘတ်ကို ထိအောင်ရိုက်သူ
ကိုခရမ်းသည် ဂီတ လောက ထဲသို့ ဝင်ခါစတွင် Section Player အဖြစ် လိုက်လံ တီးခတ်ခဲ့ သော်လည်း လိဒ်ဂစ်တာသမား တေးရေး စောဘွဲ့မှူး တည်ထောင်သည့် Iron Cross (IC) တေးဂီတဝိုင်း စတင်ချိန် ၁၉၉၁ ခုနှစ်ကတည်း က ဒရမ်မာအဖြစ် ပါဝင်တီးခတ်ခဲ့သူဖြစ်သည်။ ယခုအခါ IC တေးဂီတအဖွဲ့ တည်ထောင်သည်မှာ ၁၇ နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ကွယ်လွန်သူ စောဘွဲ့မှူးမှအပ ကျန်သည့် တီးဝိုင်းအဖွဲ့ဝင်များနှင့် ဝိုင်း စတင်ချိန်က အတိုင်း ပြိုကွဲခြင်း၊ ကျဆုံးခြင်းမရှိဘဲ ရပ်တည်ဆဲဖြစ်သည်။ ယင်းတေးဂီတအဖွဲ့၌ ဒရမ်မာအဖြစ်သာမက တီးဝိုင်း နှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် တာဝန်ရှိသူတဦးအဖြစ် အဆုံးအဖြတ်ပေးနိုင်သော ကိုခရမ်းကို ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။ ။ ကိုခရမ်းက ဒရမ်နဲ့ပတ်သက်တဲ့ ပညာကို ဘယ်လိုလေ့လာခဲ့ပါသလဲ။

ဖြေ။ ။ လူက မွေးကတည်းကတော့ ဘာမှတတ်ခဲ့တာမဟုတ်ဘူးလေ။ ကျနော်တို့ဆီမှာက ဂီတနဲ့ ပတ်သက် တဲ့ ကျောင်းဆိုတာလည်း သတ်သတ်မှတ်မှတ်ရှိတာ မဟုတ်ဘူး။ ဒီ စတီရီယိုပိုင်းက ပိုဆိုးတာပေါ့။ ကျနော်တို့ ထက် တတ်တဲ့၊ သိတဲ့ ရှေ့လူတွေဆီမှာနည်းနာခံ၊ တပည့်ခံပြီးသင်ယူခဲ့ရတာပဲ။ ကျနော့်ဆရာက ကိုဇော်ဝင်းရှိန် ပါ။ Play Boy တို့ Aces တို့ကတော့ ကျနော့်ရဲ့ မြင်ဆရာတွေပေါ့။

ကျနော်က ဒီပညာကို တတ်ချင်လွန်းလို့ကို ရအောင်ယူခဲ့တာ။ အလယ်တန်း တက်နေတုန်း စာဆက်မသင်ချင် တော့ဘူး။ စိတ်လည်းမပါဘူး။ လူက ဂီတသံကြားရင်ကို မနေနိုင်တာ။ အဲဒီ တူရိယာတွေကြားမှာပဲ ပျော်နေချင် တာလေ။ ကျနော်လုပ်ချင်တာက ဒါပဲ .. ဒီတော့ ကျနော်က မိဘတွေကို တောင်းဆိုတယ်။ ကျနော့်ကို ကျောင်း ထုတ်ပါ .. မထုတ်ရင်လည်း ကျနော့်ဟာကျနော် ရအောင်ထွက်မယ် ဆိုပြီး လုပ်တာဗျ။

ရှေးကလမ်းဖောက်ခဲ့တဲ့ ဆရာတွေကို သိပ်ကျေးဇူးတင်ဖို့ကောင်းတယ်။ ဖြစ်နိုင်ရင် ခုကလေးတွေသိအောင်ရှင်းပြ ချင်တယ်။ ကိုသန်းနိုင်ဆို ဒရမ်အရမ်းကောင်းတယ်ဗျာ။ ကိုအော်စကာသန်းတင်ဆိုရင်လည်း အရမ်းလေးစားဖို့ ကောင်းတယ်။ ဒါတွေ မှတ်တမ်းမရှိဘူး။ ကျနော်ကိုယ်တိုင်လည်း မလုပ်နိုင်ဘူး။ လုပ်နိုင်တဲ့ သူတွေရှိရင် လုပ်စေ ချင်တယ်။

မေး။ ။ စတိတ်ရှိုးတီးတဲ့အခါမှာ အာရှက တခြားရော့ခ်ဘန်တွေနဲ့ IC နဲ့ ဘယ်လိုကွာခြား ပါသလဲ။

ဖြေ။ ။ မတူဘူးဗျ။ အထူးသဖြင့် ထိုင်းက ရော့ခ်ဘန်တွေပေါ့ဗျာ။ ထိုင်းက The Sun Band ကိုဖိတ်ပြီး ကျနော်တို့ အလုပ်ရုံဆွေးနွေးပွဲ ပုံစံမျိုးလုပ်ဖူးတယ်။ သူတို့တီးတာက ပုံသေနည်းဆန်တယ်။ ပုံသေနည်းအတိုင်း ဆိုတော့ တီးတာ သက်သောင့်သက်သာမရှိဘူး။ စိတ်လှုပ်ရှားဖို့မကောင်းဘူး။ ကျနော်တို့ကျတော့ စိတ်ကူးတည့် သလို တီးတာ။ စင်ပေါ်ရောက်သွားပြီဆိုတာနဲ့ IC က Team work လည်းကောင်းတော့ အားလုံးကညီညွတ်ပြီး ဘယ်သူနဲ့တူတယ်ရယ်လို့ကို မဟုတ်တော့ဘူး၊ ကိုယ့်စတိုင်နဲ့ကိုယ်ကို အားလုံး မြောက်ကုန်ကြတာ။

မေး။ ။ အသက်ကြီးလာရင်ကော ရော့ခ်တွေပဲ ဆက်တီး နေဦးမှာလား။

ဖြေ။ ။ အသက်ကြီးလာရင်တော့ လုပ်ချင်တာရှိတယ်ဗျ။ အဲဒါက Jazz Rock လေ။ ဒရမ်ရယ် ဘေ့စ်ရယ် ၂ ယောက်တည်းတီးရတာ။ တကယ့်ငြိမ့်ငြိမ့်လေး။ သူက အဆိုသမားက သိပ်အဓိကမကျဘူး။ အဲဒီ အမျိုးအစားက သံစဉ်တွေတင်မဟုတ်ဘူး တီးတဲ့သူတွေကပါ တန်ဖိုးရှိနေတာ။ တပုဒ်လုံးကို ၁၅ မိနစ်စာလောက်ရှိတယ်ဗျာ။ ပန့်ခ်တွေ မော်ဒန်ရော့ခ်တွေ၊ အော်လ်တာတွေ အမျိုးမျိုးတီးဖူးတယ်။ မတူဘူးဗျာ။ ကျတော်ကြည့်ဖူးသမျှတော့ အဲဒီအမျိုးအစားကိုတီးတာ အသက် ၆၀ အရွယ်လောက်ကြီးတွေ။ ဒါပေမယ့် လူငယ်တွေထက် တော်တော့်ကို လက်စောင်းထက်တယ်ဗျ။ အဲဒါမျိုး ကြီးလာရင်လုပ်ချင်တယ်။

မေး။ ။ ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ်ကိစ္စကို လူတွေက အမျိုးမျိုးသရုပ်ခွဲကြတယ်။ ကိုခရမ်းကော ဘာပြောချင် ပါသလဲ။

ဖြေ။ ။ ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ်ကိစ္စက ခဏခဏ ရှင်းဖူးတယ်။ ကော်ပီကို ဝေဖန်တဲ့သူတွေကကော ဂီတကို တကယ်သိလို့၊ လေးစားလို့ပြောတာလား .. တမင်မလိုတဲ့ဘက်က ရန်လုပ်ချင်လို့ ပြောတာလား ဆိုတာကို ခွဲခြား ဖို့ လိုမယ်ထင်တယ်။ မြူးဇစ် ဆိုကတည်းကိုက ကော်ပီပဲတီးတီး Own Tune ပဲတီးတီး တူတူပဲ မဟုတ်ဘူးလား။ ဟုတ်ပြီ .. Own Tune ပဲတီးကြမယ် ဆိုပါတော့ .. ကျနော်တို့ ဒီနေ့လုပ်နေတဲ့ မြူးဇစ် ပုံစံက ဘယ်ကလာတာလဲ။ ဒီအငွေ့အသက်တွေနဲ့ ကင်းနိုင်မလား။ ကျနော်တို့လုပ်နေတာကိုက မြန်မာ့ဂီတစစ်စစ်မဟုတ်ဘူး။ ဒါကိုလက်ညှိုး ငေါက်ငေါက်ထိုး ပြောကြတာတော့ မတရားဘူးထင်ပါတယ်။ ကိုယ့်ရာဇဝင် ကိုယ် ရေးရတာပဲ။ ဂီတကို ဂီတလိုပဲ ခံစားသင့်တယ်။ ဂီတကို ခံစားမှာလား အပြစ်ပြောမှာလား ။ ကော်ပီရေးတဲ့သူတွေကလည်း သီချင်းကို ပစ်စလက် ခတ် ရေးကြတဲ့သူတွေမဟုတ်ဘူး။ မူရင်းသီချင်းကို သေချာနားထောင်ပြီးမှ အဓိပ္ပာယ် မပျက်အောင်ရေးလာကြပြီ။

မေး။ ။ IC ရယ်လို့ ဖြစ်လာပုံလေး အကြမ်းဖျင်း ရှင်းပြပေးပါဦး။

ဖြေ။ ။ အစကတော့ ကျနော်တို့အားလုံး Section လိုက်တီးနေကြတာ။ ကျနော်ကော၊ ဗညားကော၊ ခင်မောင် သန့် ကောပေါ့။ ဘွဲ့မှူးကြီးကခေါ်ရင်လည်း လာတီးလိုက်၊ တခြားမှာလည်း သွားတီးလိုက် လုပ်နေရင်း ဒီလိုလုပ် နေတာထက် Section လုံးဝမတီးဘဲ နေကြမယ်။ ဝိုင်းတခု လုပ်ကြမယ် ဆိုပြီး ဆုံးဖြတ်ကြတာ။ တကယ်တော့ အဲဒါကမလွယ်ဘူး။ Section တီးတာက ပိုက်ဆံအရမ်းရတယ်လေ။ မတီးဘဲ တောင့်ထားဖို့ကမလွယ်ဘူး။

ဆိုလိုတာက Section ကို လက်မလည်အောင် တီးနေရာကနေ လုံးဝရပ်လိုက်ရတော့ အလုပ်တွေ အားသွားကြ တယ်ဆိုတာ ပြောချင်တာပါ။ အဖွဲ့အနေနဲ့က နာမည်မရှိသေးတော့ အလုပ်သိပ်မဖြစ်သေးတာကို တော်တော် လေး တောင့်ခံကြရတယ်။ အဲဒီအချိန်မှာ တောင့်မခံနိုင်ရင် IC ဆိုတာလည်း ဖြစ်လာမှာမဟုတ်ဘူး။
ချစ်သူတို့ ချစ်သက်တမ်းပိုရှည်ကြာအောင် ဖတ်ရှုသင့်သည့် အချက်အလက်များ

1. နာမည်ခေါ်ဝေါ် သုံးစွဲတာ မလုပ်ပါနှင့်
2. ချစ်သူရဲ့ ခန္တာကိုယ်အလေးချိန် နဲ့ အခြားအစိတ်အပိုင်း များကို အလှောင်ပါနှင့်
3. အပြုအမူကိုပဲဝေဖန်ပြီး အကျင့်စာရိတ္တကို မဝေဖန်ပါနှင့်
4. စကားပြောနေစဉ် အခြားသူတစ်ဦး နာမည်ကို မကြာခဏမပြောမိပါစေနှင့်
5. စိတ်ကောက်နေစဉ် အခြားသူတစ်ယောက်နှင့် လုံးဝမတွဲပြပါနှင့်
6. ဘာမဟုတ်သည့် ကိစ္စကို မငြင်းပါနှင့်
7. ဖြစ်ပြီးသား ပြသနာများကို ပြန်မပြောဖြစ်အောင် ကြိုးစားပါ
8. ဖြစ်ပျက်သမျှ ကို သူငယ်ချင်းများကို မပြောပါနှင့်
9. သူကြိုက်သည့်အရာများကို မမုန်းပါနှင့်
10.အချို့ကိစ္စများကို မသိချင်ယောင်ဆောင်ပါ
11. ဒေါသနဲ့ စကားမပြောပါနှင့်
12. စကားများတိုင်း သူပြောတာကို နားထောင်ပေးပြီး စဉ်းစားပါ
13. သူစကားပြောနေစဉ် မကြာခဏ ဖြတ်မပြောပါနှင့်
14. ကိစ္စရပ်တစ်ခုကို ပြီးဆုံးသည်အထိ မဖြေရှင်းပဲမနေပါနှင့်
15. ဘာအကြောင်းနဲ့မှ မအော်ပါနှင့်
16. သူသာ သင့်အတွက် အလိုအပ်ဆုံးဆိုတာ သူသိပါစေ
17. ချစ်သူက ချောလား၊လှလား မေးတိုင်း ပြုံးသာ ပြလိုက်ပါ
18. အကြောင်းတိုက်ဆိုင်တိုင်း သင်ကသာ ငွေရှင်းလိုက်ပါ
19. သူ၏ရှေ့မှောက်တွင် အခြားသူများကို သိသိသာသာလိုက်မကြည့်ပါနှင့်
20. အမှတ်တရ ဖြစ်ရပ်များကို သတိရတိုင်းပြောပါ
21. ဖြစ်နိုင်လျှင် ချစ်သူ၏ မွေးနေ့ နှင့် ရည်းစားစဖြစ်သည့်နေ့ကို မှတ်ထားပါ(ပြန်မေးတတ်လို့ပါ)
22. တကယ်အရေးကြုံမှ ပိုက်ဆံချေးပါ
23. ဖြစ်ပျက်သမျှအားလုံးကို သင်ကဦးအောင်တောင်းပန်လိုက်ပါ
24. အခွင့်အရေးရတိုင်း မယူပါနှင့်
25. လက်ဆောင်အသေးအမွှားလေးများ မကြာခဏပေးပါ။ ။

04 August, 2012

သို့ .... ချစ်သူ




အကြောင်းညီညွတ်လို. ဘောင်းဘီ ချွတ်ပြီး စာရေးလိုက်ပါတယ် ...
အခု ကိုယ်ပို.လိုက်တဲ. စာကလေး ကိုရရင် အမွေးနူတ်ပြီး ကြော်စားလိုက်ပါနော်
မင်းကို ကိုယ်ချစ်ချင်ပေမဲ. အုန်းခြစ်ကမရှိဘူး
မင်းနဲ. ကိုယ်ပေါင်းချင်ပေးမဲ. ကောက်ညှင်းဆန်တွေ ဈေးကြီးတာမင်း အသိပါ
မင်းကို ကိုယ်နှစ်သက်ပေမဲ. မင်းက ရေငုတ်ကျွမ်းတော. ဘာမှ မဖြစ်ဘူးပေါ.
အချစ်ရယ်....
ကိုယ် တစ်ယောက်ထဲ လျှောက်လှမ်း ခဲ.တဲ. အ၀တ်တွေ ခုဆိုခြောက်လောက်ရောပေါ.
မင်းအချစ်ကိုသာမရရင် ကိုယ်လေ
မထူးတော.တဲ. ဘ၀မှာ မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်စားတော.မယ်ကွာ
ကိုယ်ဒီ လို အရဲစွန်.ပြီး စာရေး တာကို စိတ်မဆိုးပါနဲ.နော်
ငပိစားပြီး အသိတရား မရှိဘူးလို. တော. မပြောလိုက်ပါနဲ.ကွာ
ဂေါ်ဖီ တွေစားပြီး တော်ကီတွေ ပွားတာလဲ မဟုတ်ပါဘူး
ရုပ်တည်နဲ. မုန်.တီထိုင်သောက်နေတယ် လဲ မထင်လိုက်ပါနဲ.
အရှက်မရှိ သရက်စေ.လဲ မဟုတ်ဘူးနော်
ကိုယ်ဟာ
ရုပ်ကလာပ် က စုတ်ပြတ်
ရူပါက ချူချာ
သောက်ရုပ်က မျောက်ကုတ်
ပုံစံက ဒုံးပျံ နေပေမဲ.
အသည်းနှလုံးကတော. သိတ်ချစ်တတ်ပါတယ်
ကိုယ်ရဲ.စာ ကို မင်းမိဘ တွေ တွေ.လို. တော်တော်ဆူနေလား ?
ဆူရင် မီးဖို ပေါ်ကချပြီး လက်ဖက်ခြောက် ခတ်လိုက်နော်
မင်း ဆီ က ပြန်လာမဲ. စာကလေးတွေကို
ကိုယ် လေသေနတ်နဲ. အသင်.ဆောင်.နေမယ် အဲ.လေ မှားလို. အသင်.စောင်. နေမယ်။
ချစ်တဲ. တိုတို ....အဲ ဟုတ်ပေါင် ကိုကိုပါ.........



ချစ်သူရေ ကံကြမ္မာစေစားလို့ေ၀၀ါးစွာတွေ့ခဲ့ရသူမို့လား။ တွေ့ဆုံခြင်းဟာခွဲခွာရခြင်းရဲ့အစလို့သာ ကိုယ်သိနိုင်ခဲ့မယ်ဆိုရင် ကိုယ်မလိုချင်ခဲ့ပါဘူး။တကယ်တော့ မတူညီတဲ့ဘ၀နှစ်ခုပေါင်းစပ်ဖို့ ကြိုးစားရာကနေ မလွန်ဆန်နိုင်တဲ့ အရာတွေကြား မျောပါသွားခဲ့ရတာပါ..။ ဘာပဲဖြစ်ဖြစ် ရှင်သန်ခြင်းကင်းမဲ့တဲ့ အဖြစ်နှစ်ခုဟာ စည်းတဖက်ခြားနေသလို လက်ပြနှုတ်ဆက် ကျန် ရစ်ခဲ့ရတဲ့သူကတော့ ကိုယ်ပါချစ်သူရယ်။

ချစ်သူရေ မလွှဲသာလို့ ခွဲခွာခဲ့ရပေမယ့်လည်း တစ်နေ့တစ်ရက်နဲ့ မမေ့ရက်နိုင်ပဲ လွမ်းသက်တာရှည် လွမ်းတေးတွေ
သီနေခဲ့ရတာကကိုယ်ပါပဲလေ။တစ်နေ့တစ်နေ့ပြန်ဆုံလေနိုးနိုး မျှော်ကိုးရင်းနဲ ယောကျာ်းတန်မဲ့ အငိုမျက်ရည် ၀ဲခဲ့ရ တာလည်း ကြာလှပါပြီ။ နေ့တွင်မက အိပ်စက်နေချိန် အိပ်မက်ထဲထိအောင် ခိုင်မြဲတွယ်ရစ်အချစ်စစ်နဲ့ မင်းကိုချစ် နေခဲ့တာဟာ မပြောင်းလဲတဲ့ အကြောင်းတရား၊ဟောင်းမသွားတဲ့အချစ်စွမ်းအားတွေကြောင့်ပါ။

ချစ်သူရယ် ပြောင်းလဲမသွား၊ ဟောင်းလဲမသွားတဲ့အချစ်စစ်စစ်တွေနဲ့ ကိုယ်မင်းကိုချစ်နေဆဲ၊ အခုအချိန်ထိပြန်ဆုံဖို့
မျှော်လင့်တမ်းတနေဆဲဆိုတာကိုမင်သိပါရဲ့လား သိနိုင်စေသား…………………………။

ချစ်သူရေ မင်းကိုမမေ့ရက်၊လွမ်းသက်သက်နဲ့ လွမ်းမပြေဖြစ်နေခဲ့ရတာကိုရော မင်းသိမှသိပါ့မလား၊မင်းကိုသတိရတိုင်း
ဆုံနေကြနေရာလေးတေါ လမ်းလေးတွေမှာတွေ့လေမလားနဲ့ဖွေရှာရင်း ရင်မှာမောလျနွမ်းခဲ့ရတာတွေကိုလည်း ကြာလှပေါ့။ လေတိုက်ခတ်သံလေးတွေ သစ်ရွက်ခြောက်ကြွေသံလေးတွေကြားရတဲ့အခါ မင်းရဲ့ခြေသံလေလား ထင်မှတ်မှားလို့ က ယောင်ကတန်းဖြစ်ခဲ့ရတာတွေလည်း များလှပါပြီ။

ချစ်သူရေ မင်းကိုလွမ်းတဲ့စိတ်နဲ့ပဲ ကိုယ့်မှာတော့ရူးရတော့မယ်ထင်ပါရဲ့။ နေ့တိုင်းညတိုင်း မင်းရဲ့ပုံရိပ်လေးတွေ အမြဲမြင် ယောင်နေမိတယ်။ ချိုသာတဲ့စကား နူးညံ့တဲ့အပြုံးမြမြလေးတွေဟာ မင်းကိုမမြင်မတွေ့ရပေမယ့် လွမ်းစိတ်နဲ့အတူ ကိုယ့်ရင်ထဲမြားတွေပစ်သွင်းစးဝင်နေဆဲပါ။ ချစ်သူရယ်…..အရာအားလုံးဟာ မနေ့တနေ့ကလိုပါပဲ။

ခံစားနေရတာတွေများလွမ်းတော့ရင်နဲ့တောင် မဆံ့ချင်တော့ပါဘူး အခုတော့ကိုယ့်မှာချစ်သူကိုမြင်ခွင့် စကားပြောခွင့်
ယုယခွင့်လေးတောင်မှမရှိတော့ပါဘူး။နေ့ရှိသမျှ အချိန်တွေတိုင်းမှာ ချစ်သူကိုအတွေးထဲမှာပုံဖော်ရင်းနဲ့ အသံတိတ်
စကားလေးတွေ ရင်ထဲမှာပြောနေမိတော့တာပါပဲ။ လွမ်းတယ်ချစ်သူရေ………..။

ချစ်သူရယ် မင်းကိုသတိရတဲ့အချိန်တိုင်းမှာ တသက်မမေ့နိုင်တဲ့ မင်းရဲ့ပုံရိပ်လွှာလေးကို အလွမ်းတွေနဲ့ပုံဖော်ရင်းသာ
ကျေနပ်နေရတာပါ ။မင်းကိုသတိရတမ်းတစိတ်တွေနဲ့ ဆူညံလှုပ်ရှားနေတဲ့ ငါ့ရင်ခွင်လှိုင်းတွေကမင်းရဲ့အမည်ကိုပဲ တသသနဲ့ လှုပ်ခတ်အော်ဟစ်နေဆဲဆိုတာမင်းသိနိုင်ပါ့မလား ချစ်သူရေ။ကိုယ်ကတော့ လွမ်းဆွတ်ခြင်းတွေကို ရင်ဘတ်ထဲမှာသိမ်းဆည်းလို့ မျိုသိပ်ထားရတာ ကြာပေါ့။

ချစ်သူရေ ကိုယ့်ရင်ထဲက မျိုသိပ်ထားရလွန်းတဲ့ တမ်းတခြင်းသံစဉ်တွေကိုလွတ်လပ်စွာမျောလွင့်နေတဲ့တိမ်လွှာတခုလို
ဖန်တီးပစ်မယ်ဆိုရင်တော့ပဲ့ကြွေပေါက်ကွဲပြီးထွက်လာတဲ့သံစဉ်တစ်ခုကို မင်းကြားမှာပါ။ သန့်စင်တဲ့လေညှင်းရဲ့ စီးမျောသံမှာ ငါ့ရဲ့ တမ်းတခြင်းသံစဉ်တွေမျောလွင့်နေတာမင်းခံစားလို့ကြားနိုင်မယ်ဆိုရင်ငါပြောလိုက်ပါ့မယ်ချစ်သူရေ။
မင်းကိုအစဉ်အမြဲချစ်နေမယ်ဆိုတာကိုပေါ့.။