15 May, 2011

ချစ်သူထံပေးစာ

ချစ်သူသို့

အကြောင်းညီညွတ်လို့ ဘောင်းဘီချွတ်ပြီး စာရေးလိုက်ပါတယ်….
အခု ကိုယ်ပို့လိုက်တဲ့ စာကလေး ကိုရရင် အမွေးနူတ်ပြီး ကြော်စားလိုက်ပါနော်…
မင်းကို ကိုယ်ချစ်ချင်ပေမဲ. အုန်းခြစ်ကမရှိဘူး….
မင်းနဲ. ကိုယ်ပေါင်းချင်ပေးမဲ. ကောက်ညှင်းဆန်တွေ ဈေးကြီးတာမင်း အသိပါ
မင်းကို ကိုယ်နှစ်သက်ပေမဲ. မင်းက ရေငုတ်ကျွမ်းတော့ ဘာမှမဖြစ်ဘူးပေါ့….
အချစ်ရယ်....
ကိုယ် တစ်ယောက်ထဲ လျှောက်လှမ်း ခဲ့တဲ့အ၀တ်တွေ ခုဆိုခြောက်လောက်ရောပေါ့
မင်းအချစ်ကိုသာမရရင် ကိုယ်လေ…..
မထူးတော့တဲ့ ဘ၀မှာ မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်စားတော့မယ်ကွာ
ကိုယ် ဒီလို အရဲစွန်.ပြီး စာရေးတာကို စိတ်မဆိုးပါနဲ့နော်
ငပိစားပြီး အသိတရား မရှိဘူးလို့တော့ မပြောလိုက်ပါနဲ့ကွာ
ဂေါ်ဖီတွေစားပြီး တော်ကီတွေ ပွားတာလဲ မဟုတ်ပါဘူး
ရုပ်တည်နဲ့ မုန့်တီထိုင်သောက်နေတယ်လဲ မထင်လိုက်ပါနဲ့
အရှက်မရှိ သရက်စေ့လဲ မဟုတ်ဘူးနော်
ကိုယ်ဟာ….
ရုပ်ကလာပ်က စုတ်ပြတ်
ရူပါက ချူချာ…
သောက်ရုပ်က မျောက်ကုတ်
ပုံစံက ဒုံးပျံ နေပေမဲ့
အသည်းနှလုံးကတော့ သိတ်ချစ်တတ်ပါတယ်
ကိုယ်ရဲ့စာကို မင်းမိဘတွေ တွေ့လို့ တော်တော်ဆူနေလား ?
ဆူရင် မီးဖိုပေါ်ကချပြီး လက်ဖက်ခြောက် ခတ်လိုက်နော်
မင်းဆီက ပြန်လာမဲ့ စာကလေးတွေကို
ကိုယ်... လေသေနတ်နဲ့ အသင့်ဆောင့်နေမယ်… အဲ့လေ… မှားလို့…အသင့်စောင့်နေမယ်။
ချစ်တဲ့တိုတို.... အဲ …ဟုတ်ပေါင် ကိုကိုပါ.........

ချစ်ရသူသို့
ချစ်သူရေ ကံကြမ္မာစေစားလို့ေ၀၀ါးစွာတွေ့ခဲ့ရသူမို့လား။ တွေ့ဆုံခြင်းဟာခွဲခွာရခြင်းရဲ့အစလို့သာ ကိုယ်သိနိုင်ခဲ့မယ်ဆိုရင် ကိုယ်မလိုချင်ခဲ့ပါဘူး။တကယ်တော့ မတူညီတဲ့ဘ၀နှစ်ခုပေါင်းစပ်ဖို့ ကြိုးစားရာကနေ မလွန်ဆန်နိုင်တဲ့ အရာတွေကြား မျောပါသွားခဲ့ရတာပါ..။ ဘာပဲဖြစ်ဖြစ် ရှင်သန်ခြင်းကင်းမဲ့တဲ့ အဖြစ်နှစ်ခုဟာ စည်းတဖက်ခြားနေသလို လက်ပြနှုတ်ဆက် ကျန် ရစ်ခဲ့ရတဲ့သူကတော့ ကိုယ်ပါချစ်သူရယ်။

ချစ်သူရေ မလွှဲသာလို့ ခွဲခွာခဲ့ရပေမယ့်လည်း တစ်နေ့တစ်ရက်နဲ့ မမေ့ရက်နိုင်ပဲ လွမ်းသက်တာရှည် လွမ်းတေးတွေ
သီနေခဲ့ရတာကကိုယ်ပါပဲလေ။တစ်နေ့တစ်နေ့ပြန်ဆုံလေနိုးနိုး မျှော်ကိုးရင်းနဲ ယောကျာ်းတန်မဲ့ အငိုမျက်ရည် ၀ဲခဲ့ရ တာလည်း ကြာလှပါပြီ။ နေ့တွင်မက အိပ်စက်နေချိန် အိပ်မက်ထဲထိအောင် ခိုင်မြဲတွယ်ရစ်အချစ်စစ်နဲ့ မင်းကိုချစ် နေခဲ့တာဟာ မပြောင်းလဲတဲ့ အကြောင်းတရား၊ဟောင်းမသွားတဲ့အချစ်စွမ်းအားတွေကြောင့်ပါ။

ချစ်သူရယ် ပြောင်းလဲမသွား၊ ဟောင်းလဲမသွားတဲ့အချစ်စစ်စစ်တွေနဲ့ ကိုယ်မင်းကိုချစ်နေဆဲ၊ အခုအချိန်ထိပြန်ဆုံဖို့
မျှော်လင့်တမ်းတနေဆဲဆိုတာကိုမင်သိပါရဲ့လား သိနိုင်စေသား…………………………။

ချစ်သူရေ မင်းကိုမမေ့ရက်၊လွမ်းသက်သက်နဲ့ လွမ်းမပြေဖြစ်နေခဲ့ရတာကိုရော မင်းသိမှသိပါ့မလား၊မင်းကိုသတိရတိုင်း
ဆုံနေကြနေရာလေးတေါ လမ်းလေးတွေမှာတွေ့လေမလားနဲ့ဖွေရှာရင်း ရင်မှာမောလျနွမ်းခဲ့ရတာတွေကိုလည်း ကြာလှပေါ့။ လေတိုက်ခတ်သံလေးတွေ သစ်ရွက်ခြောက်ကြွေသံလေးတွေကြားရတဲ့အခါ မင်းရဲ့ခြေသံလေလား ထင်မှတ်မှားလို့ က ယောင်ကတန်းဖြစ်ခဲ့ရတာတွေလည်း များလှပါပြီ။

ချစ်သူရေ မင်းကိုလွမ်းတဲ့စိတ်နဲ့ပဲ ကိုယ့်မှာတော့ရူးရတော့မယ်ထင်ပါရဲ့။ နေ့တိုင်းညတိုင်း မင်းရဲ့ပုံရိပ်လေးတွေ အမြဲမြင် ယောင်နေမိတယ်။ ချိုသာတဲ့စကား နူးညံ့တဲ့အပြုံးမြမြလေးတွေဟာ မင်းကိုမမြင်မတွေ့ရပေမယ့် လွမ်းစိတ်နဲ့အတူ ကိုယ့်ရင်ထဲမြားတွေပစ်သွင်းစးဝင်နေဆဲပါ။ ချစ်သူရယ်…..အရာအားလုံးဟာ မနေ့တနေ့ကလိုပါပဲ။

ခံစားနေရတာတွေများလွမ်းတော့ရင်နဲ့တောင် မဆံ့ချင်တော့ပါဘူး အခုတော့ကိုယ့်မှာချစ်သူကိုမြင်ခွင့် စကားပြောခွင့်
ယုယခွင့်လေးတောင်မှမရှိတော့ပါဘူး။နေ့ရှိသမျှ အချိန်တွေတိုင်းမှာ ချစ်သူကိုအတွေးထဲမှာပုံဖော်ရင်းနဲ့ အသံတိတ်
စကားလေးတွေ ရင်ထဲမှာပြောနေမိတော့တာပါပဲ။ လွမ်းတယ်ချစ်သူရေ………..။

ချစ်သူရယ် မင်းကိုသတိရတဲ့အချိန်တိုင်းမှာ တသက်မမေ့နိုင်တဲ့ မင်းရဲ့ပုံရိပ်လွှာလေးကို အလွမ်းတွေနဲ့ပုံဖော်ရင်းသာ
ကျေနပ်နေရတာပါ ။မင်းကိုသတိရတမ်းတစိတ်တွေနဲ့ ဆူညံလှုပ်ရှားနေတဲ့ ငါ့ရင်ခွင်လှိုင်းတွေကမင်းရဲ့အမည်ကိုပဲ တသသနဲ့ လှုပ်ခတ်အော်ဟစ်နေဆဲဆိုတာမင်းသိနိုင်ပါ့မလား ချစ်သူရေ။ကိုယ်ကတော့ လွမ်းဆွတ်ခြင်းတွေကို ရင်ဘတ်ထဲမှာသိမ်းဆည်းလို့ မျိုသိပ်ထားရတာ ကြာပေါ့။

ချစ်သူရေ ကိုယ့်ရင်ထဲက မျိုသိပ်ထားရလွန်းတဲ့ တမ်းတခြင်းသံစဉ်တွေကိုလွတ်လပ်စွာမျောလွင့်နေတဲ့တိမ်လွှာတခုလို
ဖန်တီးပစ်မယ်ဆိုရင်တော့ပဲ့ကြွေပေါက်ကွဲပြီးထွက်လာတဲ့သံစဉ်တစ်ခုကို မင်းကြားမှာပါ။ သန့်စင်တဲ့လေညှင်းရဲ့ စီးမျောသံမှာ ငါ့ရဲ့ တမ်းတခြင်းသံစဉ်တွေမျောလွင့်နေတာမင်းခံစားလို့ကြားနိုင်မယ်ဆိုရင်ငါပြောလိုက်ပါ့မယ်ချစ်သူရေ။
မင်းကိုအစဉ်အမြဲချစ်နေမယ်ဆိုတာကိုပေါ့.။


လွမ်းတယ်ကွာ

မင်းနဲ့မတွေ့ရတဲ့
အချိန်လေးတိုင်းမှာ..
ငါမင်းအကြောင်းတွေကိုပဲ..
စဉ်းစားတွေးတောနေတယ်ချစ်သူ...
မင်းကတော့ပျော်ရွင်နေရင်
ပျော်ရွင်နေလိုက်မယ်..
ငါမှာတော့ မင်းကို..
လွမ်းတဲ့စိတ်နဲ့မပျော်နိုင်ဘူး...
မင်းပြန်လာမဲ့အချိန်လေးကို..
ငါစောင့်မျှော်နေတယ်ချစ်သူ..
မင်းပြန်လာပါ...
မင်းမရှိတဲ့ငါ...ရင်ခွင်မှာ..
အလွမ်းတွေသာ...
နေရာယူထားတယ်ကွာ...

ရယ်သံ

အချစ်ကိုစစ်တမ်းဖွင့်ထုတ်တော့
ငါ့ရင်ထဲမှာသူရှိတယ်
ငါနားမလည်နိုင်တဲ့ဘာသာဗေဒမှာ
သူမကစောင့်ကြိုနေတယ်
သူမဆီမှာမသိခြင်းများစွာကိန်းအောင်းတယ်
ငါဆီမှာသူမနဲ့ပတ်သက်ပြီးမှ
မသိခြင်းတွေများများလာတယ်

ကောင်မလေးရေ
မင်းဘာလဲကွယ် ငါ့ကိုပြောပြပါလား။

မနက်ဖြန်အတွက်
အလေးအနက်မထားတတ်ခဲ့တဲ့ငါက
နောက်နေ့တွေကိုမျှော်မှန်းတတ်လာတယ်
အနာဂတ်ကို
ကြိုတင်ထုဆစ်စရာမလိုဘူးလို့ပြောခဲ့တဲ့ငါက
သူမအတွက်မနက်ဖြန်တွေကို
အိမ်မက်လာတတ်တယ်။

ငါ့မှာတော့
စိတ်ကူးတွေနဲ့ကြိတ်ရူးလို့
မင်းမှာတော့
စိတ်ကူးတွေနဲကပျော်မြူးလို့
ကောင်မလေးရေ
ငါ့မျက်ဝန်းတွေကိုမင်း
မမြင်တာလား
မမြင်ချင်ယောင်ဆောင်တာလားကွာ။

ဘာလဲလို့ကိုယ့်ကိုကိုယ်ပြန်မေးကြည့်တော့
သုည ဗလာ ဘာမှမရှိ
မင်းကျရှုံသွားတာလားလို့
တစ်စုံတစ်ယောက်ကမေးခဲ့ရင်တော့
အံကြိတ်လို့ ဟင့်အင်းပဲ…….
ပါးပြင်ထက်မှာတော့မျက်ရည်စက်ပေါ့
ငါဝမ်းနည်းတယ်ဆိုတာထက်
ပိုကြေကွဲတယ်လို့ပြောရင်မင်းယုံမှာလား
ထားတော့ ဝေဒနာတွေကို
ရင်ဖွင့်မပြချင်တော့ပါဘူး
မှန်ရာကိုပြောရရင်နောက်ထပ်ကြေကွဲမှာကြောက်လို့
မင်းဆီက ငါတစ်စုံတစ်ခုတော့ကြားချင်တာပေါ့

ဒါပေမယ့်
ငါကြောက်တယ်ကောင်မလေးရယ်
ငါကြောက်နေပါတယ်……….
ငါ့ရင်ထဲမှာဆို့နစ်….
ဟော……..ပြောရင်းဆိုရင်မျက်ရည်တစ်စက်
ငါ့ပါးပြင်ထက်မှာ……
ဟား…ဟား…ဟား
ငါ့ရယ်သံကခြောက်ကပ်ကပ်နဲ့ပါကွာ။


ချစ်သူ

သူ့ မျက်ဝန်းတွေ သူစိမ်းဆန်နေလည်း ....
ငါမမေ့နိုင်ဘူး ...
သူ့ စကားတွေ အမုန်းစွက်နေလည်း ....
ငါ မကြားဘဲ မနေနိုင်ဘူး ....
သူမချစ်မှန်းသိရက်နဲ့ လည်း ...
ငါမမုန်းနိုင်ဘူး ....
သူ မတရားမှန်းသိပေမဲ့လည်း ....
ငါ အပြစ်မတင်ရက်ဘူး ....
သူ့ အဖြည့်ခံဘ၀မှာဘဲ နေရမှန်းသိလည်း ....
ငါ ဖြေသိမ့်တတ်လာတယ် ...
အလွမ်းတွေနဲ့  ကာရံလုပ်တဲ့ ...
နေ၀င်ချိန်တွေကို ...မဖြတ်သန်းချင်တော့ပေမဲ့ ...
တစ်ခါတစ်လေတော့လည်း .......
ချစ်ခွင့်မရှိတဲ့ ငါ့မှာ ....လွမ်းခွင့်လေးရတာကိုဘဲ ...
ကျေနပ်ပါတယ် ....
ချစ်သူ .....
ငါ့ကိုဘယ်ချိန်ထိများ....
အပြုံးတစ်ချက်နဲ့ လှည့်စားပြီး ....
အသုံးချဘ၀မှာ .....
အရှုံးတွေနဲ့  ထားဦးမှာလဲ ? ? ?


အလွမ်း

ဝေး၀ါး......ဝေး၀ါး
ပျော်သူတို့ ရေကစား.....

ငါ့မှာတော့မပျော်နိုင်
ဌာနီလွမ်းလို့ မှိုင်............။

အလွမ်းတွေ တပွေ့တပိုက်
ဘီယာသောက်ပစ်လိုက်
အလွမ်းတွေကို ဒီလိုကို
မပျောက်နိုင်အခု။

ပျင်းလွန်လွန်းလို့ ချက်တိန်ဝင်
ဘယ်သူမှ မမြင်..........
ဘယ်မြင်မလဲ သူတို့ကဲ
ပျော်နေကြမှာပဲ...........
မမမွန်းတော့ တရားရိပ်ဝင်
လွန် အေးချမ်းမယ်ထင်.......
မမခိုင်က အလုပ်များ

သူကျောင်းသွားနေမလား.....
သတိရလို့ ဖုန်းခေါ်
ဖုန်း Ring သံ မပေါ်
မကိုင်နိုင်လို့ Off လုပ်
သူတကယ် အလုပ်ရှုပ်။

မမတို့ကို မှန်းတွက်
မုတ်သုန် တကယ်အရမ်းချစ်။

မမတို့တွေ ကျန်းမာကြောင်း
မုတ်သုန် တကယ်ဆုတောင်း။

မမတို့အကြောင်း နေ့တိုင်းတွေး
မုတ်သုန် လွမ်းတယ်လေး................

1 comment:

  1. ဒီလို အံ့ဖွယ်အမှုတွေ တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။
    ကျွန်မခင်ပွန်းက ကျွန်မနဲ့ အသက် ၅ နှစ်သားလေးကို ထားခဲ့ပြီး ၉ လကျော်၊
    ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး စိတ်ပျက်မိတယ်၊ ကျွန်မခင်ပွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့ကို ကျွန်မဆီပြန်ပို့ဖို့ နေရာအမျိုးမျိုးက အကူအညီတောင်းခဲ့ပေမယ့် ကွာခြားမှုမရှိပါဘူး။ ကျွန်မအမေက ကျွန်မကို (DR DAWN) နဲ့ မိတ်ဆက်ပေးမချင်း ဒီဆရာဝန်က ကျွန်မကို ပြောပြပြီး ၄၈ နာရီအတွင်း ကျွန်မခင်ပွန်းက ကျွန်မဆီပြန်လာမယ်လို့ ကတိပေးခဲ့ပြီး ၄၈ နာရီအကြာမှာ ကျွန်မခင်ပွန်းက ကျွန်မကို ဖုန်းဆက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ပါဘူး၊ ဒေါက်တာ DAWN ကို ကျေးဇူးအများကြီးတင်ပါတယ် ဘာလို့လဲဆိုတော့ အခုဆို ကျွန်မခင်ပွန်းနဲ့ ပျော်နေတာ 3 နှစ်ကျော်ပြီ၊ သူက ကျွန်မကို ဘုရင်မလို ဆက်ဆံတယ်၊
    ပြဿနာတစ်စုံတစ်ရာရှိပါက DR DAWN သို့ ဆက်သွယ်ပါ။

    *မင်းရဲ့ချစ်သူကို ပြန်ရဖို့။
    * ပြန်လည်ညှိနှိုင်းရန်
    *ကိုယ်ဝန်ဆောင်ရန်
    *ကင်ဆာကို ကုသရန်
    *လက်စားချေရန်
    *စီးပွားရေးကိုမြှင့်တင်ရန်
    * သင့်ငွေ/ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်
    *HIV/AIDS သို့မဟုတ် အခြားရောဂါများကို ကုသရန်။
    သူ့ကို ဆက်သွယ်ပါ: dawnacuna314@gmail.com
    Whatsapp- +2349046229159

    ReplyDelete