10 March, 2010

နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး.............. ဟာသလေးပြောပြတာပါ

တစ်ခါက အင်္ဂလန်မှာ နိုင်ငံထိပ်သီး လျှို့ဝှက်အစည်းအဝေးတစ်ခုပြုလုပ်ကြတယ်....
အဲဒီတုန်းက မြန်မာပြည်က ဘုရင်စနစ်အုပ်စိုးတဲ့အချိန်ဆိုတော့
မြန်မာပြည်ကလည်း စစ်သူကြီးတစ်ဦးတက်ရောက်တယ် ။ စစ်သူကြီးက
နန်းဝတ်နန်းစားနဲ့ နှုတ်ခမ်းမွေးနဲ့ ခန့်ချော်ကြီး

အစည်းဝေးပြီးတော့ အပြန်မှာပေါ့ လေယာဉ်နဲ့ပြန်ကြရတယ်။ လေယာဉ်ပေါ်မှာက
မြန်မာလူမျိုး ၊ ဂျာမန်လူမျိုး ၊
ကုလားလူမျိုးနဲ့ တရုတ်လူမျိုးပါတယ် ။ အဲဒီမှာ လေယာဉ်က ချို့ယွင်းမှုဖြစ်ပါလေရော

လေယာဉ်မှုးကပြောတယ်
“ လေယာဉ်က မရတော့ဘူး ကျွန်တော်နဲ့ အတူ တစ်ယောက်ပဲနေခဲ့လို့ရမယ် အလေးချိန်
မမျှတော့ဘူး ”
အဲဒီမှာ အားလုံးတဘောတူ လေယာဉ်မှုးတစ်ယောက်ထဲကိုပဲ ချန်ခဲ့ပြီး ၎
ယောက်လုံးအတူတူခုန်ချပြီး အသေခံမယ်ပေါ့။ဒီလိုနဲ့.........
ဂျာမန်ကစပြီး
“ ဟစ်တလာမျီုး သွေးနီတယ်ကွ”လို့အော်ပြီး ခုန်ချသွားတယ်
ကုလားက ဗန်ချာကုလား ။ သူကလည်း
“ ဆံပင်ရှည်ပေမယ့် မိန်းမ မဟုတ်ဘူး”လို့အော်ပြီး ခုန်ချသွားပြန်တယ်
တရုတ်နဲ့ မြန်မာ နှစ်ယောက်ပဲကျန်တော့တယ်
တရုတ်က အပေါက်ဝမှာ ဒူးတုန်နေတယ် မခုန်ချရဲဘူး
စိတ်ထဲမှာလဲ မြန်မာအရင်အော်ပြီး ခုန်ဆင်းပါစေပေါ့
မြန်မာ ခုန်ချပြီးရင် သူနေခဲ့တော့မယ်ပေါ့
အဲဒီအချိန်မှာပဲ သူ့အနောက်က မြန်မာက
“သခင်မျိုးဟေ့ ဒို့ဗမာ”လို့အော်လိုက်တော့ တရုတ်ပျော်သွားတယ်
ဒါပေမယ့်သူထင်တာလွဲသွားတယ် မြန်မာက

“သခင်မျိုးဟေ့ ဒို့ဗမာ”လို့အော်ပြီးနောက်ကနေ သူ့ကို ကန်ချလိုက်တယ်လေ

********************************************************************

အာဖန်ကီးပုံပြင်များ

ငါးတွေသစ်ပင်ပေါ်တယ်မယ်
တစ်နေ့ တွင် အာဖန်ကီးသူငယ်ချင်းတစ်ယောက်က အာဖန်ကီးကို မေးခွန်းတစ်ခုမေးလိုက်တယ်..။
`တကယ်လို့ ရေပြင်သာ မီးလောင်သွားရင် ငါးတွေဘာလုပ်ကြမလဲ။´
အာဖန်ကီးပြန်ဖြေလိုက်ပုံက...
`တကယ်လို့ ရေပြင်သာ မီးလောင်သွားရင် ငါးတွေသစ်ပင်ပေါ်ကိုတက်ကြလိမ့်မယ်´..တဲ့။
(တရုတ်ရိုးရာ ပုံပြင်များမှ ကောက်နုတ်ဖော်ပြသည်။)

ကဗျာလေးတွေပါဗျာ......

ညအခါ လသာသာ
ရေနစ်သေမလား
ငတ်သေမလား"

"တစ်၊နှစ် ကိုနာဂစ်
သုံး၊လေး လွတ်အောင်ပြေး
ငါး၊ခြောက် ရေထဲရောက်
ခုနှစ်၊ရှစ် မသာဖြစ်
ကိုး၊တစ်ဆယ် ၀ဋ္ဌ်ကျွတ်တယ်။"

"ဘယ်ကလာသလည်း။
ဘယ်နယ်ကလည်း။
အလယ်ကလူ
အသားဖြူ၏။
ခင်ဗျားအလှူ
တစ်ပြားမရှုရ"

> (4) "အစားအစာ ၀ါးစားပါ
> အသားပါသလား။
> ငါးပါသလား။
> ဘီစကစ်ပါသလား။
> ဘာပဲပါပါ ထားခဲ့ပါ။"

> (5) "ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန်
> ဒီဘက်ကမ်းကဗိုက်ပိန်ပိန်
> အမိုးအကာမဲ့နေတဲ့
> မနှင်းတို့အိမ်။"

> (6) "ဖိုးရွှေကြီး ဖိုးရွှေကြီး
> အလွန်ယုတ်တဲ့ ဖိုးရွှေကြီး
> ဖိုးရွှေကြီးက မိုက်တိုင်ထူ
> ခွေးအကြီးနဲ့တူ
> တူပါသကွဲ့ မယုံငြား
> ဒီမှာကြည့်ပါလား။"

> (7) " တနင်္ဂနွေ၊ တနင်းလာ
> ဗိုက်မှောက်မျှော်နေတာ
> အဂါၤ၊ ဗုဒၶဟူး
> ရောက်လုတစ်ဦးဦး
> ကြာသပတေး၊ သောကြာ
> တစ်ယောက်မှ ပေါ်မလာ
> စနေမှာသေချာသွား ဘယ်သူမှမလာအား။"

> (9) ဘဘ၀၀ ထလို့က
> ဘဘနိုင်ပြီဗျ
> ကပါကပါ ဘဘရာ
> ဘဘခေတ်လေဗျာ
> မဲလိမ်တွေကို အမှန်ပြ
> ဘဘအကြံပိုင်ပါ့။
> သူများတွေ မသာဖြစ်တာ
> ဘဘနဲ့ မဆိုင်ပါ
> မုန်တိုင်းတွေ ဘယ်လိုသည်းသည်း
> ဘဘနိုင်ဖို့ပဲ။

> (10) ဘဘ၀၀ စိတ်ဓါတ်ကျ
> အနောက်က Pressure ရ
> သူများအကူ မယူခဲ့တာ
> ဘဘစေတနာ
> မလုပ်ပေးတာ တစ်ခုကလွဲ
> ဘဘသတ္တိခဲ
> နိုင်ငံခြားငွေမြင်သောအခါ
> ဘဘစိတ်ပြောင်းလာ
> အားရပါးရလာလှူကွဲ့
> ဘဘအိတ်ထဲထည့်။

> ဘဘ၀၀ ထပ်လို့က



အချစ်တဲ့.............
လူတွေပါးစပါဖျားမှာရေပန်းစားနေတဲ့စကားလုံးလေး
ငါ့အတွက်တော့ ရေထဲကလရိပ်ကို လိုက်ဖမ်းနေရသလို
မြင်နေရပေမဲ့ ဝေးကွာနေဆဲ...